ပဲခူး မတ် ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ မတ်လ(၂) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ကြွရောက်လာသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်၊ ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များနှင့် သီလရှင် တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များ အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး မတ် ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်က…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမံပြပွဲ၊ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်
ပဲခူး မတ် ၂ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မ…
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁)သန်း တိုးတက်ဝင်ရောက်ခဲ့
ပဲခူး ဖေဖော်ဝါရီ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိ…
တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတို့၏ လှူဒါန်းပူဇော်မှုဖြင့် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စကျင်ကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်းပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၂၇ ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကရုံး၌ ဖေဖော်ဝါရီလ ၂၇ ရက…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများအတွက် “ကွန်ပျူတာအခြေခံသင်တန်း”ဖွင့်ပွဲကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဖေဖော်ဝါရီ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၉)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဖေဖော်ဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၉)ကြိမ်မြောက…
ပဲခူးတိုင်းဒေသကြီးလယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်း…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ဖေဖော်ဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ဒ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဒေသခံလူငယ်များအတွက် လေအေးပေးစက်ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း သင်တန်းဖွင့်လှစ်ပေး
ဖေဖော်ဝါရီ ၁၉ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ဒေသခံလူငယ်မျ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမံပြပွဲ၊ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်
ပဲခူး မတ် ၂ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မတ်လ(၁) ရက်နေ့ ညနေပိုင်းက ၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပဲခူးတိုင်း ဒေသကြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမံပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ဂုဏ်ပြုဘင်ခရာတီးဝိုင်းနှင့် ဂုဏ်ပြုပန်းပွားအက အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် …
Read More »၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁)သန်း တိုးတက်ဝင်ရောက်ခဲ့
ပဲခူး ဖေဖော်ဝါရီ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၆) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်တွင်း/ပြည်ပ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအမျိုးအစား (၈)ခုရှိပြီး စက်မှုကဏ္ဍတိုးတက်မှုနှင့်အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာ ကဏ္ဍများလည်း ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်းနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မှသာ ထိုက်သင့်သည့် လုပ်ခလစာရရှိမှာဖြစ်၍ အသက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်းများ အားပေးမြှင့်တင် ပေးသွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တိုး(၁)ခု၊ ကုန်ချောပစ္စည်း (၅)မျိုး တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း/ပြည်ပ …
Read More »တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတို့၏ လှူဒါန်းပူဇော်မှုဖြင့် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စကျင်ကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်းပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၂၇ ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကရုံး၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ရင်ပြင်တော်ပေါ်တွင် နေပူခံစကျင်ကေျာက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်း ပေးအပ်ခြင်း မင်္ဂလာအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အခမ်းအနား တက်ရောက်လာကြသူ များက “နမောတဿ” သုံးကြိတ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီးသည် ပဲခူးမြို့၏ကျက်သရေဆောင်တစ်ခုဖြစ်ပြီး ပဲခူးမြို့နှင့် ရွှေမော်ဓောစေတီတော်သည် ခွဲခြား၍မရကြောင်း၊ မြန်မာနိုင်ငံတွင် ဉာဏ်တော်အမြင့်ဆုံးစေတီတော်ကြီးတစ်ခုဖြစ်ကာ ဘုရားဖူးလာပြည်သူများဖြင့် နေ့စဉ် မပြတ်စည်ကားလျက်ရှိကြောင်း၊ ယခင်ကာလများတွင် နေ့ခင်းဘက်၌ ဘုရားဖူးလာပြည်သူများအနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ကြွေပြားများကြောင့် အပူဒဏ်ကိုခံစားခဲ့ရပြီး ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် တပ်မတော် ကြည်း၊ ရေ၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများအတွက် “ကွန်ပျူတာအခြေခံသင်တန်း”ဖွင့်ပွဲကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ ဆရာမများအတွက် “ ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ” အခမ်းအနားကို ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းရင်းသားဘာသာ စာပေသင်ကြားနေကြသည့် ဆရာ/ဆရာမများ အနေနှင့် ခေတ်နှင့် လျော်ညီစွာ ကွန်ပျူတာအခြေခံများ တတ်မြောက်ထားခြင်းအားဖြင့် တိုင်းရင်းသား မျိုးဆက်သစ်များအား ကွန်ပျူတာပညာရပ်များကို လက်ဆင့်ကမ်းသင်ကြားပေးနိုင်ရန်၊ တာဝန်ထမ်းဆောင်ရာနေရာများမှာ လက်တွေ့အသုံးချနိုင်စေရန်၊ တိုင်းရင်းသားများ၏ ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ နည်းပညာရပ်များ တိုးတက်စေရန် ရည်ရွယ်ပြီး မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများမှ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ ဆရာမများအတွက် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ပေးတဲ့ ကွန်ပျူတာအခြေခံသင်တန်းဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/မများအနေဖြင့် ကွန်ပျူတာအခြေခံဘာသာရပ်များကို သင်ယူ ခြင်းအားဖြင့် ကွန်ပျူတာနှင့် ဆက်စပ်သည့် နည်းပညာအသုံးပြုနည်းများကို …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website